ဒ နှင့်စသော စာလုံးများ

ဒိဋ္ဌိ

မှားမှားယွင်းယွင်း သိမြင်ခြင်းသဘော၊

ဒိဗ္ဗသောတအဘိညာဉ်

နတ်တို့၏ သောတပသာဒကဲ့သို့ ဝေးသောအသံ, တိုးသော အသံကိုလည်း ကြားနိုင်သော အဘိညာဉ်။

ဒုတိယဈာန်ဘုံ

ဒုတိယဈာန်ရသော ဗြဟ္မာတို့ နေရာဘုံ ဖြစ်သောကြောင့် ဒုတိယဈာန်ဘုံဟု ခေါ်သည်။

ဒွါရ ၆ မျိုး (တံခါး ၆ ပေါက်)

ဒွါရတို့သည် စက္ခုဒွါရ (မျက်စိတံခါး)၊ သောတဒွါရ (နားတံခါး)၊ ဃာနဒွါရ (နှာခေါင်းတံခါး)၊ ဇိဝှါဒွါရ (လျှာတံခါး)၊ ကာယဒွါရ (ကိုယ်တံခါး)၊ မနောဒွါရ (စိတ်တံခါး)-ဟု ၆ မျိုး...

ဒိဋ္ဌိဂတဝိပ္ပယုတ်

ဒိဋ္ဌိဂတဝိပ္ပယုတ်-ဟူသော ပုဒ်သည် ဒိဋ္ဌိဂတ+ဝိပ္ပယုတ္တ-ဟူသော ပုဒ်တို့မှ ဆင်သက်လာသော ပုဒ် ဖြစ်သည်။ ဒိဋ္ဌိဂတ= အယူမှားမှုနှင့်၊ ဝိပ္ပယုတ္တ= မယှဉ်သော-ဟု...

ဒုက္ခ

သင်္ခါရတရားတို့၏ ဆင်းရဲခြင်း၊ သက်တောင့်သက်သာ မဖြစ်ခြင်းသဘောလက္ခဏာ။

ဒုတိယဈာန်ဘုံ ၃ ဘုံ

၁။ ပရိတ္တာဘာဘုံ၊ ၂။ အပ္ပမာဏာဘာဘုံ၊ ၃။ အာဘဿရာဘုံ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဒွါရရုပ်

တံခါးနှင့် တူသော ရုပ်များ။ (ဝီထိစိတ်၏ဖြစ်ကြောင်း၊ ကာယကံ, ဝစီကံ၏ အထမြောက်ကြောင်း ဖြစ်သောကြောင့် စက္ခု-စသော ရုပ် ၇-ပါးတို့သည် "ဒွါရရုပ်" မည်ကြသည်။...

ဒုက္ခ ၁

ကိုယ်ဆင်းရဲမှုသည် "ဒုက္ခ" မည်၏။