ဒိဋ္ဌိဂတဝိပ္ပယုတ်-ဟူသော ပုဒ်သည် ဒိဋ္ဌိဂတ+ဝိပ္ပယုတ္တ-ဟူသော ပုဒ်တို့မှ ဆင်သက်လာသော ပုဒ် ဖြစ်သည်။ ဒိဋ္ဌိဂတ= အယူမှားမှုနှင့်၊ ဝိပ္ပယုတ္တ= မယှဉ်သော-ဟု အဓိပ္ပါယ်ရသည်။
ဒူရေရုပ် ၁၆ ပါး
မဟာဘုတ် ၄၊ ဘာဝရုပ်၊ အာဟာရရုပ်၊ ဇီဝိတရုပ်၊ ဝတ္ထုရုပ်၊ ဝိညတ်ရုပ် ၂၊ ပရိစ္ဆေဒရုပ်၊ လက္ခဏရုပ် ၄၊ ပေါင်း ၁၆ ပါး။(မဟာဘုတ် ၄ ပါး-စသော အရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌...
