ဒွါရရုပ်

by | Jun 9, 2022 | ဒ | 0 comments

တံခါးနှင့် တူသော ရုပ်များ။ (ဝီထိစိတ်၏ဖြစ်ကြောင်း၊ ကာယကံ, ဝစီကံ၏ အထမြောက်ကြောင်း ဖြစ်သောကြောင့် စက္ခု-စသော ရုပ် ၇-ပါးတို့သည် “ဒွါရရုပ်” မည်ကြသည်။ )

ဒုက္ခ ၂

ဒုက္ခသဟဂုတ် ကာယဝိညာဉ်၌ယှဉ်သော ဝေဒနာစေတသိက်။

ဒေါသ

ခက်ထန်ကြမ်းတမ်းခြင်းသဘော။

ဒေါသမူ

ဒေါသမူ-ဟူသော ပုဒ်သည် ဒေါသ+မူလ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဒေါသ= စိတ်ဆိုးခြင်း စိတ်တိုခြင်း အမျက်ထွက်ခြင်းသဘောကို၊ မူလ= အခြေခံသော-ဟု...

ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်

အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်ဖြင့် ဒုဂ္ဂတိဘုံ၌ ပဋိသန္ဓေနေခဲ့သော ပုဂ္ဂိုလ်ကို (ဖြစ်ရာဘုံကို လိုက်၍ 'ဒုဂ္ဂတိ' + ပဋိသန္ဓေကို လိုက်၍ 'အဟိတ်'= ယင်း ၂-မျိုးကို ပေါင်းစပ်လျက်) "ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်"ဟု...

ဒွါရရုပ် ၇ ပါး

ပသာဒရုပ် ၅-ပါး၊ ဝိညတ်ရုပ် ၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။