စ နှင့်စသော စာလုံးများ

စက္ခုဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော မျက်စိ။

စတုပါရိသုဒ္ဓိသီလ ၄ ပါး

၁။ ပါတိမောက္ခသံဝရသီလ၊ ၂။ ဣန္ဒြိယသံဝရသီလ၊ ၃။ အာဇီဝပါရိသုဒ္ဓိသီလ၊ ၄။ ပစ္စယသန္နိဿိတသီလ။ ဤသီလ ၄ မျိုးကို သီလဝိသုဒ္ဓိ-ဟု ခေါ်သည်။ ရဟန်းတော်များမှာ ဤသီလ ၄-မျိုးလုံး လုံခြုံမှသာ သီလဝိသုဒ္ဓိ ဖြစ်သည်၊ ကမ္မဋ္ဌာန်းတရားကို အားထုတ်တော့မည်ဆိုလျှင် လူဝတ်ကြောင် စသည်တို့မှာလည်း...

စိတ္တဝိသုဒ္ဓိ

ဥပစာရဘာဝနာ၊အပ္ပနာဘာဝနာသို့ ရောက်သော စိတ်အစဉ်သည် နီဝရဏ၊ ကိလေသာအနောက်အကျုတို့မှ ကင်းဝေး၏၊ သန့်ရှင်းစင်ကြယ်၏၊ ထို့ကြောင့် ထိုစိတ်အစဉ်ကို "စိတ္တဝိသုဒ္ဓိ"ဟု...

စက္ခုန္ဒြေ ၁

မြင်ခြင်းကို လွှမ်းမိုးထားသော မျက်စိအကြည်ဓာတ်။