၁။ ပါတိမောက္ခသံဝရသီလ၊ ၂။ ဣန္ဒြိယသံဝရသီလ၊ ၃။ အာဇီဝပါရိသုဒ္ဓိသီလ၊ ၄။ ပစ္စယသန္နိဿိတသီလ။ ဤသီလ ၄ မျိုးကို သီလဝိသုဒ္ဓိ-ဟု ခေါ်သည်။ ရဟန်းတော်များမှာ ဤသီလ ၄-မျိုးလုံး လုံခြုံမှသာ သီလဝိသုဒ္ဓိ ဖြစ်သည်၊ ကမ္မဋ္ဌာန်းတရားကို အားထုတ်တော့မည်ဆိုလျှင် လူဝတ်ကြောင် စသည်တို့မှာလည်း မိမိတို့ဆိုင်ရာ သီလ ၄-မျိုး စင်ကြယ်ရမည်ပင်။
စိတ္တုပ္ပါဒ်
စိတ်နှင့် စေတသိက်။ပါဠိ-စိတ္တုပ္ပါဒ၊စိတ္တ+ဥပ္ပါဒ=စိတ်+(ထိုစိတ်ကို)ဖြစ်စေတတ်သော (စေတသိက်)
