စိတ္တဝိသုဒ္ဓိ

by | Jun 9, 2022 | စ | 0 comments

ဥပစာရဘာဝနာ၊အပ္ပနာဘာဝနာသို့ ရောက်သော စိတ်အစဉ်သည် နီဝရဏ၊ ကိလေသာအနောက်အကျုတို့မှ ကင်းဝေး၏၊ သန့်ရှင်းစင်ကြယ်၏၊ ထို့ကြောင့် ထိုစိတ်အစဉ်ကို “စိတ္တဝိသုဒ္ဓိ”ဟု ခေါ်သည်။

စိတ်အကျယ် ၁၂၁ ပါး

ကာမာဝစရစိတ် ၅၄ ပါး၊ရူပါဝစရစိတ် ၁၅ ပါး၊အရူပါဝစရစိတ် ၁၂ ပါး၊လောကတ္တရာစိတ်အကျယ် ၄၀။ပေါင်း ၁၂၁ ပါး။(ကာမာဝစရစိတ် ၅၄ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...

စတုဓာတုဝဝတ္ထာန်

ခန္ဓာကိုယ်၌ "ပထဝီ, အာပေါ, တေဇော, ဝါယော"ဟူသော ဓာတ်ကြီး ၄-ပါးကို ပိုင်းခြားတတ်သော ဉာဏ်သည် "စတုဓာတုဝဝတ္ထာန်"...

စိတ္တိဒ္ဓိပါဒ် ၁

ဈာန်, မဂ်, ဖိုလ်တည်းဟူသော အကျိုးတို့၏ အခြေခံအကြောင်းတရား ကုသိုလ်စိတ်သည် စိတ္တိဒ္ဓိပါဒ် မည်၏။

စိတ္တဇရုပ်

စိတ်ကြောင့်ဖြစ်သော ရုပ်။ (အရူပဝိပါက် ၄-ပါးနှင့် ဒွေးပဉ္စဝိညာဉ် ၁၀-မှတစ်ပါး ၇၅-ပါးသော စိတ်တို့သည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ မိမိတို့၏ ဥပါဒ်ခဏ ဥပါဒ်ခဏမှာသာ ရုပ်ကို ဖြစ်စေသည်၊ ယင်းစိတ်ကြောင့်ဖြစ်သော ရုပ်ကို "စိတ္တဇရုပ်"ဟု ခေါ်သည်။ စိတ္တဇရုပ်တို့သည် ပဋိသန္ဓေနောင်...

စာဂါနုဿတိ

(မိမိ၏) စွန့်ကြဲပေးလှူခြင်းကို အာရုံပြု၍ ဖြစ်သော အနုဿတိသည် စာဂါနုဿတိ မည်၏၊ စွန့်ကြဲပေးလှူခြင်းကို အာရုံပြု အမှတ်ရနေမှု...