အနိမိတ္တာနုပဿနာ

“အနိစ္စ”ဟု ရှုသော အနုပဿနာသည် ရုပ်-နာမ်အပေါင်းကို တစ်လုံးတစ်ခဲတည်း ပုံပန်းသဏ္ဌာန် အနေအားဖြင့် ထင်မှားမှုကို စွန့်လွှတ်နိုင်သောကြောင့် “အနိမိတ္တာနုပဿနာ” ဟူသော အမည်ကို ရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက် တစ်မျိုးဖြစ်သည်၊ (အနိမိတ္တ= ပုံပန်းသဏ္ဌာန်...

အနိမိတ္တဝိမောက္ခ

နိစ္စနိမိတ်(မြဲသော ပုံရိပ်)-စသည် မရှိသည်ဖြစ်၍ သံယောဇဉ်-စသည်တို့မှ လွတ်သော မဂ်သည် အနိမိတ္တဝိမောက္ခ...

အနိမိတ္တနိဗ္ဗာန်

အထည်ကိုယ် ပုံပန်းသဏ္ဌာန်မရှိပုံ အခြင်းအရာကို စွဲမှတ်၍ “အနိမိတ္တနိဗ္ဗာန်” ဟု ခေါ်သည်။

အနိန္ဒြိယရုပ်

မိမိတို့၏ ဆိုင်ရာကိစ္စ၌ အစိုးရမှုမရှိသော(စိုးမိုးနိုင်မှုမရှိသော)ရုပ်များ။