အနိမိတ္တာနုပဿနာ

by | Jun 9, 2022 | | 0 comments

“အနိစ္စ”ဟု ရှုသော အနုပဿနာသည် ရုပ်-နာမ်အပေါင်းကို တစ်လုံးတစ်ခဲတည်း ပုံပန်းသဏ္ဌာန် အနေအားဖြင့် ထင်မှားမှုကို စွန့်လွှတ်နိုင်သောကြောင့် “အနိမိတ္တာနုပဿနာ” ဟူသော အမည်ကို ရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက် တစ်မျိုးဖြစ်သည်၊ (အနိမိတ္တ= ပုံပန်းသဏ္ဌာန် မရှိဟု + အနုပဿနာ= ရှုတတ်သော ဉာဏ်။)

အရူပါဝစရကြိယာစိတ်

အရူပဗြဟ္မာဘဝသို့ မရောက်စေတော့သော၊ အရူပဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေနေရခြင်းကို မဖြစ်စေတော့သော...

အရူပါဝစရ ၄ ဘုံ

၁။ အာကာသာနဉ္စာယတနဘုံ၊ ၂။ ဝိညာဏဉ္စာယတနဘုံ၊ ၃။ အာကိဉ္စညာယတနဘုံ၊ ၄။ နေဝသညာနာသညာယတနဘုံ။

အပ္ပနာ

ယှဉ်ဖက်စိတ်ကို အာရုံသို့ တင်ပေးတတ်သော တရား။

အရူပါဝစရကုသိုလ်ကံ

အရူပါဝစရကုသိုလ်စိတ်၌ ရှိသော စေတနာစေတသိက် ဖြစ်သည်။ အရူပါဝစရကုသိုလ်ကံသည် မနောကံသာ ရှိသည်။