အရိယာ ၈-ယောက်

မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၄ ယောက်၊ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄ ယောက်၊ပေါင်း ဂ ယောက်။

အရိယာ

ကိလေသာရန်သူကို သတ်တတ်သူ။

အရဟတ္တမဂ်စိတ်

အရဟတ္တမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို အရဟတ္တမဂ်စိတ်-ဟု ခေါ်သည်။

အရဟတ္တမဂ်

အရဟတ္တမဂ်-ဟူသော ဝေါဟာရသည် အရဟတ္တ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ အရဟတ္တ-ရဟန္တာ ဖြစ်ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ရဟန္တာ ဖြစ်တော့၏။ သို့ဖြစ်၍ ဤမဂ်သည် ရဟန္တာ ဖြစ်ကြောင်း ဖြစ်၏၊ ထို့ကြောင့် ဤမဂ်ကို အရဟတ္တမဂ်-ဟု...