အဝိဇ္ဇာ ၁

သိသင့်သိထိုက်သော အရာဌာနကို မသိတတ်သော, မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သော တရားသည် “အဝိဇ္ဇာ” မည်၏၊ ထို အဝိဇ္ဇာမည်သော မောဟသည် သစ္စာ ၄-ပါးကိုလည်း မသိအောင် ဖုံးလွှမ်းတတ်သည်၊ အတိတ်က ဖြစ်ခဲ့သော ခန္ဓာ, အာယတန, ဓာတ်အဖို့အစု၊ အနာဂတ်၌ဖြစ်မည့် ခန္ဓာ, အာယတန, ဓာတ်အဖို့...

အဝိဇ္ဇမာနဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ဒြပ်ကို နှစ်မျိုးပေါင်းစပ်၍ သိစေတတ်သော “မိန်းမ+အသံ” စသော...

အဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မြေ-စသော အနက်ဒြပ် အတ္ထပညတ်ကို သိစေတတ်သော သဒ္ဒပညတ်။

အဝိဂတပစ္စယော

မကင်းပျောက်သေးသည်၏ အဖြစ်ဖြင့် (မကင်းပျောက်သေးသည် သာလျှင် ဖြစ်သော တရားအား ထောက်ပံ့လျက်) ကျေးဇူးပြုတတ်သော...