ကာယဒွါရ

ကိုယ်အကြည်ဓာတ်သည် “ကာယဒွါရ” မည်၏။

ကာယဂတာသတိ

ဆံပင်-စသည့် အစိတ်အပိုင်း (၃၂) ခုရှိသော ရုပ်ကိုယ်ကို အာရုံပြု၍ဖြစ်သော သတိသည်၊ တနည်းကား ရုပ်ကိုယ်၌ဖြစ်သော သတိသည် ကာယဂတာသတိမည်၏၊ ၃၂ ကောဋ္ဌာသကို အာရုံပြု အမှတ်ရနေမှု...

ကာမောဃ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကာမောဃ ၁

ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့်...