ကာယဂတာသတိ

by | Jun 9, 2022 | က | 0 comments

ဆံပင်-စသည့် အစိတ်အပိုင်း (၃၂) ခုရှိသော ရုပ်ကိုယ်ကို အာရုံပြု၍ဖြစ်သော သတိသည်၊ တနည်းကား ရုပ်ကိုယ်၌ဖြစ်သော သတိသည် ကာယဂတာသတိမည်၏၊ ၃၂ ကောဋ္ဌာသကို အာရုံပြု အမှတ်ရနေမှု ဖြစ်သည်။

ကာယဒွါရိကစိတ် ၄၆ ပါး

အကုသိုလ်စိတ် ၁၂ ပါး၊ ကာယဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကာယုဇုကတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ ဖြောင့်မတ်ခြင်းသဘော။

ကာမာဝစရသောဘနစိတ်

ကာမာဝစရသောဘနစိတ်-ဟူသော ပုဒ်သည် ကာမာဝစရ+သောဘန+စိတ္တ-ဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ကာမာဝစရ-ကာမာဝစရ ဖြစ်သော၊သောဘန-တင့်တယ်သော၊စိတ္တ-စိတ်-ဟု...

ကပ်

သတ်မှတ်ထားသော ကာလတစ်ခုကို ကပ်-ဟု ခေါ်သည်။ အသက်တမ်းအားဖြင့် ပိုင်းခြားသတ်မှတ်ထားသော ကာလကို အာယုကပ်-ဟု ခေါ်သည်။ အသက်အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းဟူသော ဆုတ်ကပ် တက်ကပ်တစ်စုံသည် အန္တရကပ်တစ်ခု၊ ထိုအန္တရကပ် ၆၄ ခုသည် အသင်္ချေယျကပ်တစ်ခု၊...