နာမရူပပရိစ္ဆေဒဉာဏ်

ကမ္မဋ္ဌာန်းကို ရှုမှတ်နေသော ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘော (လက္ခဏာ)အားဖြင့်ဖြစ်စေ၊ စွမ်းအင်သတ္တိကိစ္စ (ရသ)အားဖြင့်ဖြစ်စေ၊ ရှုမှတ်သူ၏ အသိဉာဏ်ထဲမှာ ပေါ်လွင်ထင်ရှားလာပုံ အမူအရာ (ပစ္စုပဋ္ဌာန်)အားဖြင့်ဖြစ်စေ နာမ်-ရုပ်တို့ကို အမှန်အတိုင်း သိမြင်မှုကို...

နတ်ပြည် ၆ ထပ်

၁။စာတုမဟာရာဇ်၊ ၂။တာဝတိံသာ၊၃။ယာမာ၊၄။တုသိတာ၊န၅။နိမ္မာနရတိ၊၆။ပရနိမ္မိတဝသဝတ္တီ။

နတ္ထိပစ္စယော

မိမိ၏ နောက် ဆက်လျက် ဖြစ်ပေါ်လာမည့် နာမ်တရားတို့အား ဖြစ်ခွင့်ပေးခြင်းအားဖြင့် ကိုယ်တိုင် မရှိတော့သည်ဖြစ်၍ ကျေးဇူးပြုတတ်သော...

န ကုတောစိသမုဋ္ဌာန်

လက္ခဏရုပ်လေးပါးတို့သည် ကံ စိတ် ဥတု အာဟာရ အကြောင်းလေးပါးကြောင့် မဖြစ်၊ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်းတို့သည် ဖြစ်ပေါ်သော ရုပ်တို့၏ သဘောတံထွာ ဓမ္မတာပင် ဖြစ်၏။ ထို့ကြောင့် နကုတောစိသမုဋ္ဌာန်ရုပ်...

ဓာတ်၂

မိမိသဘောကို ဆောင်တတ်သော တရား၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော တရား။