ပဉ္စမဈာန်

ဥပေက္ခာ, ဧကဂ္ဂတာ နှစ်ပါးအစု (နှစ်ပါးပါးအားလုံးပေါင်း)ကို ပဉ္စမဈာန်-ဟု ခေါ်သည်။

ပဉ္စဒွါရာဝဇ္ဇန်း

ပဉ္စဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် ပဉ္စ+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ပဉ္စ= ငါးခုသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ မျက်စိ, နား, နှာ, လျှာ, ကိုယ်-ဟူသော ဒွါရ (တံခါး) ငါးခု၌ ဖြစ်ပေါ်လာသော (အာရုံကို)...

ပစ္စဝေက္ခဏာဉာဏ်

မဂ်၊ဖိုလ်၊နိဗ္ဗာန်၊ပယ်ပြီးသော ကိလေသာနှင့် မပယ်ရသေးသော ကိလေသာတို့ကို ဆင်ခြင်သော ဉာဏ်။ (မဂ်စိတ် ၁-ကြိမ် ဖြစ်ပြီးသည့်နောက် မန္ဒပုဂ္ဂိုလ်ဖြစ်က ဖိုလ်ဇော ၂-ကြိမ် တိက္ခပုဂ္ဂိုလ်က ဖိုလ်ဇော ၃-ကြိမ် ဖြစ်ပြီးသည့်အတွက် ဘဝင်ကျရတော့သည်။ မဂ္ဂဝီထိနောက် ဘဝင်အပြတ်မှာ ပစ္စဝေက္ခဏာ...