ပဋ္ဌာန်း

အကြောင်းအမျိုးမျိုးက အကျိုးအမျိုးမျိုးအား အစွမ်းသတ္တိအမျိုးမျိုးဖြင့် ကျေးဇူးပြုနေကြပုံကို ပြသော တရား။ (ပဋ္ဌာန်း-ဟူသော အမည်သည် ပဋ္ဌာန-ဟူသော ပါဠိမှ ဆင်းသက်လာသော အမည် ဖြစ်သည်။ ပဋ္ဌာန-ဟူသော ပါဠိသည် အကြောင်းအမျိုးမျိုးကို ဖော်ပြသော ကျမ်းကို ဟော၏။ သို့သော် ပဋ္ဌာန်း...

ပဋိသန္ဓေအခါ

ပဋိသန္ဓေစိတ် စေတသိက်နှင့် ကမ္မဇရုပ်တို့ တစ်ဘဝဝယ် ပဌမဆုံးဖြစ်ရာအခါကာလ။

ပဋိသန္ဓေ ကိစ္စကို ဆောင်ရွက်သော စိတ် ၁၉ ပါး

ဥပေက္ခာသဟဂုတ်သန္တီရဏစိတ် ၂ ပါး၊ မဟာဝိပါက်စိတ် ၈ ပါး၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉ ပါး- ပေါင်း ၁၉ ပါးသည် ပဋိသန္ဓေကိစ္စကို ဆောင်ရွက်သော စိတ်(ပဋိသန္ဓေစိတ်) တို့ ဖြစ်သည်။”ကိစ္စကို ဆောင်ရွက်”ဟူသည် ထိုကိစ္စရှိနေသည်ဟု ဆိုလိုသည်။(ဆိုင်ရာ ခေါင်းစဉ်များကိုလည်း...

ပဋိသန္ဓေ ကိစ္စ

ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးခြင်းအလုပ်သည် ပဋိသန္ဓေကိစ္စ မည်၏၊

ပဋိသန္ဓေ ၄ မျိုး

၁။ အပါယ်ပဋိသန္ဓေ၊ ၂။ ကာမသုဂတိပဋိသန္ဓေ၊ ၃။ ရူပါဝစရပဋိသန္ဓေ၊ ၄။ အရူပါဝစရပဋိသန္ဓေ။