ပရိကံ ၁

ပရိကံ-ဟူသည် အထက်အထက်ဘာဝနာကို ပြုပေးတတ်သော စိတ် ဖြစ်သည်။ အပ္ပနာဖြစ်ပေါ်ရန် ပြုပြင်စီရင်တတ်သော စိတ်သည်...

ပရမတ္ထတရား ၄ ပါး

၁။ စိတ်၊ ၂။ စေတသိက်၊ ၃။ ရုပ်၊ ၄။ နိဗ္ဗာန်။ ၎င်းတို့၏ အဓပ္ပါယ်ကို ဆိင်ရာ ခေါင်းစဉ်၌ ရှုပါ။

ပရမတ္ထတရား

မိမိတို့၏ ပင်ကိုသဘောမှ ဖောက်ပြန် ပြောင်းလွှဲခြင်း မရှိသော၊ မှန်ကန်လျက် တကယ်ရှိသော အရှိတရား။ (တစ်နည်း) မြတ်သော သဗ္ဗညုတဉာဏ်၏ အာရုံပြုရာ၊ ကျက်စားရာဖြစ်သော တရား ။(ပရမတ္ထကို ပရမ+အတ္ထ-ဟု ပုဒ်ခွဲ၊ပရမ-မြတ်သော၊ အချုပ်ပဓာနဖြစ်သော၊ သဘောတရား။တစ်နည်း=ပရမ-မြတ်သော...

ပရနိမ္မိတဝသဝတ္တိဘုံ

သူတစ်ပါးဖန်ဆင်းထားသော စည်းစိမ်ကို မိမိအလိုအတိုင်း ဖြစ်စေကြသော နတ်တို့ ဖြစ်ရာ ဘုံ။