ဘင်္ဂဉာဏ်

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၏ ပျက်ခြင်းကိုသာ အဖန်ဖန်ရှုသောအားဖြင့် သိမြင်သော ဉာဏ်။

ဘင်ခဏ

စိတ်စသော ပရမတ္ထတရားတစ်ခုခု၏ တည်နေပြီးနောက် ပျက်စီးချုပ်ပျောက်ရာကာလ။

ဗောဓိပက္ခိယတရား ၃၇ ပါး

သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ ပေါင်း ၃၇...

ဗောဓိပက္ခိယတရား

မဂ်ဉာဏ်ဖြစ်ပေါ်အောင် ကျေးဇူးပြုတတ်သော တရားကို ဗောဓိပက္ခိယတရား ဟုခေါ်သည်။

ဗောဇ္ဈင် ၇ ပါး

၁။ သတိသမ္ဗောဇ္ဈင်၊ ၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ၃။ ဝီရိယသမ္ဗောဇ္ဈင်၊ ၄။ ပီတိသမ္ဗောဇ္ဈင်၊ ၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ ၆။ သမာဓိသမ္ဗောဇ္ဈင်၊ ၇။ ဥပေက္ခာသမ္ဗောဇ္ဈင်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...