ဥပစာ ၁

ဥပစာ-ဟူသည် ဈာန်၏အနီး၌ဖြစ်သော စိတ် ဖြစ်သည်၊ အပ္ပနာဟူသော ဈာန်၏ အနီး၌ ဖြစ်တတ်သော စိတ်သည်...

ဥပစယ

ပဋိသန္ဓေတည်နေစ၌ ပထမဖြစ်ခြင်း၊ ထို့နောက် တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း (ဥပ-အစ၌၊ဝါ- အထက်၌+စယ- ဖြစ်ခြင်း)သည် ဥပစယ...

ဥပဃာတက ကံ

ကပ်၍ နှိပ်စက်ရုံမျှမက တစ်ပါးသော ကံကို လုံးဝ အကျိုးမပေးနိုင်အောင်, ပေးပြီးသော အကျိုးများကိုလည်း ပြတ်စဲသွားအောင် သတ်ဖြတ်သကဲ့သို့ ဖြတ်တောက်တတ်သော ကံသည် “ဥပဃာတက ကံ”...

ဥပကရဏဘူတကမ္မနိမိတ်

ကံပြီးမြောက်ဖို့ရာ အခြံအရံမျှသာဖြစ်သော အပဓာနအာရုံသည် “ဥပကရဏဘူတကမ္မနိမိတ်” မည်၏။

ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း

ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်ကို “ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်၊ ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်’’ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း...