ဝသီဘော် ၅ ပါး

၁။ အာဝဇ္ဇနဝသီဘော်၊ ၂။ သမာပဇ္ဇနဝသီဘော်၊ ၃။ အဓိဋ္ဌာနဝသီဘော်၊ ၄။ ဝုဋ္ဌာနဝသီဘော်၊ ၅။ ပစ္စဝေက္ခဏဝသီဘော်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဝသီဘော်

စွမ်းနိုင်ခြင်းရှိသူ၏ အဖြစ်၊ဝါ-စွမ်းရည်သတ္တိရှိခြင်း။ (ဝသီ= စွမ်းရည်သတ္တိရှိသူ+ဘာဝ=အဖြစ်)။ ၎င်းကို မြန်မာစကားဖြင့် ဝသီဘော်ဟု ဆိုကြသည်။ ဈာန်ရသူတို့သည် ဈာန်ဝင်စားမှု ဈာန်မှ ထမှုတို့၌ ပိုမိုလိမ်မာကျွမ်းကျင်စေရန် မိမိရရှိထားသော ဈာန်ကို ဝသီဘော်ငါးပါးပေါက်ရောက်အောင်...

ဝတ္ထုရုပ် ၆ ပါး

ပသာဒရုပ် ၅-ပါး၊ ဟဒယရုပ် ၁-ပါး။ (ပသာဒရုပ် ၅-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။

ဝတ္ထုရုပ်

စိတ်, စေတသိက်တို့၏ မှီရာဖြစ်သော ရုပ်များ။

ဝတ္ထု ၆ ပါး

၁။ စက္ခုပသာဒရုပ်၊ ၂။ သောတပသာဒရုပ်၊ ၃။ ဃာနပသာဒရုပ်၊ ၄။ ဇိဝှါပသာဒရုပ်၊ ၅။ ကာယပသာဒရုပ်၊ ၆။ ဟဒယရုပ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...