သကဒါဂါမိမဂ်စိတ်

သကဒါဂါမိမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို သကဒါဂါမိမဂ်စိတ်-ဟု ခေါ်သည်။

သကဒါဂါမိမဂ်

သကဒါဂါမိမဂ်-ဟူသော ဝေါဟာရသည် သကိံ+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သကိံ= တစ်ကြိမ်တည်းသာ၊ အာဂါမီ= (ကာမဘုံသို့) ပြန်လာကြောင်း ဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ဤကာမဘုံသို့ တစ်ကြိမ်တည်းသာ ပြန်လာရတော့သည်၊ ဒုတိယအကြိမ်မှ စ၍...

သကဒါဂါမိမဂ္ဂဋ္ဌာန်

သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို “သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်” ဟု ခေါ်သည်။ သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် သကဒါဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်

သကဒါဂါမိမဂ္ဂါနန္တရဖိုလ်မှ အနာဂါမိမဂ်၏ရှေး ဝေါဒါန်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီပုဂ္ဂိုလ်ကို “သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်” ဟု...

သံသေဒဇသတ္တဝါ

သံသေဒဇသတ္တဝါ-ဟူသည် ငြိကပ်တွယ်တာရာအရပ်၌ ဖြစ်သော သတ္တဝါ၊ ပဒုမ္မာကြာ ပန်း၌ ပဋိသန္ဓေတည်နေသော ပဒုမဝတီမိဖုရား၊ ဝါးပင်၌ ပဋိသန္ဓေတည်နေသော ဝေဠုဝတီမိဖုရား၊ ရေပုပ်, ငါးပုပ် စသည်၌ ပဋိသန္ဓေ တည်နေသော ပိုးလောက်-စသော သတ္တဝါမျိုး...