သီလဗ္ဗတုပါဒါန် ၁

by | Jun 9, 2022 | သ | 0 comments

“နွား, ခွေး-စသည်တို့၏ အကျင့်ကို ကျင့်လျှင် ကိလေသာမှလည်း စင်ကြယ်၍ သံသရာမှလည်း လွတ်မြောက်နိုင်သည်”ဟု မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော တရားကို ” သီလဗ္ဗတုပါဒါန် “ဟု ခေါ်သည်။ဒိဋ္ဌိစေတသိက်။

သံယောဇဉ် ၁၀-ပါး(သုတ္တန်နည်း)

၁။ ကာမရာဂသံယောဇဉ်၊ ၂။ ရူပရာဂသံယောဇဉ်၊ ၃။ အရူပရာဂသံယောဇဉ်၊ ၄။ ပဋိဃသံယောဇဉ်၊ ၅။ မာနသံယောဇဉ်။ ၆။ ဒိဋ္ဌိသံယောဇဉ်၊ ၇။ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ၈။ ဝိစိကိစ္ဆာသံယောဇဉ်၊ ၉။ ဥဒ္ဓစ္စသံယောဇဉ်၊ ၁၀။ အဝိဇ္ဇာသံယောဇဉ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

သမ္မာဝါစာ ၂

"မဟာကုသိုလ်စိတ် ၈-ခု, လောကုတ္တရာစိတ် ၈-ခု"အားဖြင့် စိတ် ၁၆-ခု၌ရှိသော သမ္မာဝါစာ စေတသိက်။

သတ္တက္ခတ္တုပရမသောတာပန်

သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်ဖြတ်သဖြင့် သောတာပန်ဖြစ်ပြီးနောက် ကာမဘုံ၌ ၇-ကြိမ် ပဋိသန္ဓေနေပြီးလျှင် ရဟန္တာ...

သမ္မာကမ္မန္တ

အသက်မွေးမှုနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်ခြင်းသဘော။

သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

သောတာပတ္တိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ သောတာပတ္တိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် သောတာပတ္တိမဂ်ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...