သမ္ပဋိစ္ဆိုင်းဒွေး ၁

by | Jun 9, 2022 | သ | 0 comments

ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် သမ္ပဋိစ္ဆိုင်းဒွေးဟူသည် သမ္ပဋိစ္ဆိုင်း၂ ပါး-ဟု ဆိုလိုသည်။

သဟိတ်စိတ်

ပါဠိ-သဟေတုက။ဟေတု- ယှဉ်ဖက်ဟိတ်၊သ- ရှိသော စိတ်။က ကား သီးခြား အဓိပ္ပါယ် မရှိ။

သဠာယတန ၁

ခြောက်ပါးသော အာယတန။ စက္ခာယတန၊ ၂။ သောတာယတန၊ ၃။ ဃာနာယတန၊ ၄။ ဇိဝှါယတန၊ ၅။ ကာယာယတန၊ ၆။ မနာယတန။

သုဘကိဏှာ

တင့်တယ်သော ကိုယ်ရောင်ဖြင့် ရောပြွမ်းသော ဗြဟ္မာတို့သည် သုဘကိဏှာမည်ကြသည်။

သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

သောတာပတ္တိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ သောတာပတ္တိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် သောတာပတ္တိမဂ်ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

သောတာပန်

သောတ= ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့ + အာပန္န= ဦးစွာ ပထမ ရောက်သူ-ဟု အဓိပ္ပါယ်ရသည်။ သောတသဒ္ဒါသည် ရေအယဉ်ကို ဟော၏၊ ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းကို ဦးစွာ ရသူ၊ ရောက်သူသည် သောတာပန်...