သီလဗ္ဗတပရာမာသသံယောဇဉ် ၁

by | Jun 9, 2022 | | 0 comments

“နွား, ခွေး-စသည်တို့၏ အကျင့်ကို မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော သီလဗ္ဗတပရာမာသဒိဋ္ဌိသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် သီလဗ္ဗတပရာမာသသံယောဇဉ် မည်၏။

သောမနဿိန္ဒြေ ၁

ဝမ်းမြောက်ခြင်း၊ စိတ်ချမ်းသာခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

သကဒါဂါမ်

ဤကာမဘုံ၌ တစ်ကြိမ်သာ ပဋိသန္ဓေ လာနေနိုင်သည်၊ သို့သော် ကာမဘုံချင်း ပြောင်းရွှေ့လာနေခြင်းသာ ဖြစ်သည်၊ ဗြဟ္မာ့ပြည်မှ လာနေသည် မဟုတ်ပါ။ ထိုသို့ ကာမဘုံ၌ တစ်ကြိမ်မျှသာ ပဋိသန္ဓေလာနေနိုင်သောကြောင့် "သကဒါဂါမ်"ဟူသော အမည်ကို ရရှိလေတော့သည်။ (သကိံ= တစ်ကြိမ် + အာဂါမီ= ပဋိသန္ဓေ လာနေသူ။)...

သမ္ဖပ္ပလာပ

ပိန်ဖျင်းသော စကားကို ပြောဆိုခြင်း။ အနှစ်မရှိသော စကားကို ပြောဆိုခြင်း။

သုခုမရုပ်

သိမ်မွေ့သော ရုပ်များ၊ဝါ-ဉာဏ်စက္ခုဖြင့် ကြည့်ရှု ဆင်ခြင်သည့်အခါ ပေါ်လွင်ထင်ရှားစွာ မသိနိုင်သော...