ကာယာယတန ၁

by | Jun 9, 2022 | က | 0 comments

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ကိုယ်။

ကမ္မဇရုပ်

ကံကြောင့်ဖြစ်သော ရုပ်။ (အကုသိုလ်စေတနာ ၁၂-ပါး၊ ကာမာဝစရကုသိုလ်စေတနာ ၈-ပါး၊ ရူပါဝစရကုသိုလ် စေတနာ ၅-ပါး၊ ပေါင်း ၂၅-ပါးသော ကုသိုလ်, အကုသိုလ် စေတနာသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ စိတ်၏ ခဏတိုင်းခဏတိုင်းမှာ ရုပ်ကို ဖြစ်စေသည်၊ ထိုကံကြောင့်ဖြစ်သော ရုပ်ကို "ကမ္မဇရုပ်"ဟု ခေါ်သည်။...

ကဋတ္တာ ကံ

ဂရုက, အာသန္န, အာစိဏ္ဏ အခြေအနေသို့ မရောက်တတ်ဘဲ ယခုဘဝတွင် အမှတ်တမဲ့ သာမန် ပြုအပ်သော ကံများနှင့် ရှေ့ရှေ့ဘဝက ပြုအပ်ခဲ့သော ကံများသည် "ကဋတ္တာ ကံ"...

ကမ္မနိမိတ်

ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှသော အာရုံများကို "ကမ္မနိမိတ်"ဟု ခေါ်သည်၊ (ကမ္မ- ကံ+နိမိတ္တ-အာရုံ)။

ကာမယောဂ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။