သန္တတိ

by | Jun 9, 2022 | | 0 comments

တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည်ကစ၍ အစဉ်မပြတ် ထပ်ကာထပ်ကာ ဖြစ်ခြင်း၊ ဥပါဒ်ခြင်းသည် သန္တတိ မည်၏။ (သံ= ဆက်စပ်၍၊ ဝါ- ထပ်၍+တတိ= ကျယ်ပွားခြင်း၊ ဖြစ်ခြင်း။)

သုဒဿီ

သူတစ်ပါးတို့ကို ပကတိစက္ခု ပညာစက္ခုတို့ဖြင့် ကောင်းမွန်စွာ ရှုမြင်တတ်သော ဗြဟ္မာများ။

သမ္မာဝါယာမ ၁

မှန်စွာ အားထုတ်မှု ဝီရိယစေတသိက်သည် "သမ္မာဝါယာမမဂ္ဂင်"မည်၏။

သုဂတိဘုံ

ကောင်းသော လားရောက်ရာဘုံကို "သုဂတိဘုံ"ဟု ခေါ်သည်။ (သု-ကောင်းသော၊ တင့်တယ်သော+ဂတိ-လားရောက်ရာဘုံ။)။တစ်နည်း-ကောင်းမှုရှိသော သူတို့၏ လားရောက်ရာ ဘုံ။(သု-ကောင်းသော သူတို့၏+ဂတိ-လားရောက်ရာ...

သကဒါဂါမိမဂ်

သကဒါဂါမိမဂ်-ဟူသော ဝေါဟာရသည် သကိံ+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သကိံ= တစ်ကြိမ်တည်းသာ၊ အာဂါမီ= (ကာမဘုံသို့) ပြန်လာကြောင်း ဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ဤကာမဘုံသို့ တစ်ကြိမ်တည်းသာ ပြန်လာရတော့သည်၊ ဒုတိယအကြိမ်မှ စ၍...