သံသေဒဇသတ္တဝါ-ဟူသည် ငြိကပ်တွယ်တာရာအရပ်၌ ဖြစ်သော သတ္တဝါ၊ ပဒုမ္မာကြာ ပန်း၌ ပဋိသန္ဓေတည်နေသော ပဒုမဝတီမိဖုရား၊ ဝါးပင်၌ ပဋိသန္ဓေတည်နေသော ဝေဠုဝတီမိဖုရား၊ ရေပုပ်, ငါးပုပ် စသည်၌ ပဋိသန္ဓေ တည်နေသော ပိုးလောက်-စသော သတ္တဝါမျိုး ဖြစ်သည်။
သီလာနုဿတိ
(မိမိ၏) သီလကို အာရုံပြု၍ဖြစ်သော အနုဿတိသည် သီလာနုဿတိ မည်၏၊ မိမိဆောက်တည်ထားသော သီလကို အာရုံပြု အမှတ်ရနေမှု...