သံယောဇဉ် ၁၀-ပါး(သုတ္တန်နည်း)

by | Jun 9, 2022 | | 0 comments

၁။ ကာမရာဂသံယောဇဉ်၊ ၂။ ရူပရာဂသံယောဇဉ်၊ ၃။ အရူပရာဂသံယောဇဉ်၊ ၄။ ပဋိဃသံယောဇဉ်၊ ၅။ မာနသံယောဇဉ်။ ၆။ ဒိဋ္ဌိသံယောဇဉ်၊ ၇။ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ၈။ ဝိစိကိစ္ဆာသံယောဇဉ်၊ ၉။ ဥဒ္ဓစ္စသံယောဇဉ်၊ ၁၀။ အဝိဇ္ဇာသံယောဇဉ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သမ္မာဝါစာ

အသက်မွေးမှုနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်း သဘော။

သောမနဿိန္ဒြေ ၁

ဝမ်းမြောက်ခြင်း၊ စိတ်ချမ်းသာခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

သြဃ

ရေအလျဉ်နှင့် တူသော တရား။ (သြဃသဒ္ဒါ၏ ဟောရင်းအနက်မှာ အဟုန်ပြင်းထန်သော ရေအလျဉ် ဖြစ်သည်၊ ဤအရာ၌ကား ထိုရေအလျဉ်နှင့် တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟကို "သြဃ"ဟု ခေါ်သည်၊ ရေအလျဉ်သည် သတ္တဝါတို့ကို လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သည်၊ ထို့အတူ လောဘ, ဒိဋ္ဌိ, မောဟတို့သည်လည်း မိမိကိန်းရာ...

သုညတနိဗ္ဗာန်

ရာဂ, ဒေါသ, မောဟနှင့် ခန္ဓာ ၅-ပါးတို့၏ ဆိတ်သုဉ်းပုံ အခြင်းအရာကို စွဲမှတ်၍ "သုညတနိဗ္ဗာန်" ဟု ခေါ်သည်။