ဝီထိသဒ္ဒါသည် ‘အစဉ်အတန်း’ ဟူသော အနက်ကိုဟော၏။ ထိုထိုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်, သမ္ပဋိစ္ဆိုင်း-စသော စိတ်တို့၏ ရှေ့နောက်အစဉ်အားဖြင့် ဖြစ်ခြင်းကိုပင် “ဝီထိ”ဟု ခေါ်သည်။
ဝိပဿနာဘာဝနာ ပွားများအားထုတ်ရကျိုး
ဤဝိပဿနာဘာဝနာ, ဝိပဿနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လျှင် မဂ်တရား, ဖိုလ်တရားကို ရနိုင်သည်။