ဝိညာနဉ္စာယတန

by | Jun 9, 2022 | ဝ | 0 comments

အာကိဉ္စညာယတန-ဟူသော ပုဒ်သည် အာကိဉ္စည+အာယတန-ဟူသော နှစ်ပုဒ်ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်။ အာကိဉ္စည= ဘာမျှမရှိခြင်း (အာကာသာနဉ္စာယတနစိတ်၏ လုံးဝ မရှိတော့ခြင်း)၊ အာယတန= (ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်း-ဟုပင် တစ်လုံးချင်း အဓိပ္ပါယ်ရသည်။ ထိုနှစ်ပုဒ်ပေါင်း၏ တိုက်ရိုက်အဓိပ္ပါယ်မှာ (ဈာန်စိတ်ဖြစ်ခြင်း၏) အကြောင်းဖြစ်သော၊ ဘာမျှမရှိခြင်း (အာကာသာနဉ္စာယတနစိတ်၏ လုံးဝ မရှိတော့ခြင်း)-ဟု ဖြစ်သည်။

ဝိပါကဝဋ် ၁

ပဋိစ္စသမုပ္ပါဒ်၏ အင်္ဂါ ၁၂ ပါးတို့တွင် ကံ ဟုဆိုအပ်သော ကုသိုလ်အကုသိုလ်စေတနာကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားလည်းဖြစ်၊ သံသရာ၌ ချာချာလည်တတ်သော ဝဋ်လည်းဖြစ်သော တရားကို ဝိပါကဝဋ်ဟု...

ဝိညာနဉ္စာယတနဘုံ

ဝိညာနဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...

ဝီရိယိဒ္ဓိပါဒ် ၁

ဈာန်, မဂ်, ဖိုလ်တည်းဟူသော အကျိုးတို့၏ အခြေခံအကြောင်းတရား ဝီရိယသည် ဝီရိယိဒ္ဓိပါဒ် မည်၏။

ဝိဘဝတဏှာ ၁

သေပြီးနောက် အတ္တနှင့် လောကသည် ပြတ်စဲ၏-ဟူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာသည် "ဝိဘဝတဏှာ" မည်၏။

ဝေယျာဝစ္စ

သူတစ်ပါး၏ ကောင်းမှုကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်မှု။