ဝိစ္ဆိဒ္ဒကအသုဘ၁

by | Jun 9, 2022 | ဝ | 0 comments

(ဓားဖြင့်) ၂-ပိုင်း ဖြတ်ထားသော သူသေကောင်ကို “(ဓားဖြင့်) ၂-ပိုင်း ဖြတ်ထားသော သူသေကောင်၊ (ဓားဖြင့်) ၂-ပိုင်း ဖြတ်ထားသော သူသေကောင်”ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိစ္ဆိဒ္ဒကအသုဘ ကမ္မဋ္ဌာန်း မည်၏။

ဝိက္ခာယိတကအသုဘကမ္မဋ္ဌာန်း

ခွေး-မြေခွေးစသည်တို့ အစားခံထားရသော သူသေကောင်ကို "ခွေး-မြေခွေးစသည်တို့ အစားခံထားရသော သူသေကောင်၊ ခွေး-မြေခွေးစသည်တို့ အစားခံထားရသော သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိက္ခာယိတကအသုဘကမ္မဋ္ဌာန်း...

ဝိကာရရုပ်

စိတ် ဥတု အာဟာရကြောင့် ဖြစ်သော နိပ္ဖန္နရုပ်တို့၏ ပေါ့ပါးမှု၊ နူးညံ့မှု၊ ပြုလုပ်ရန် အဆင်သင့် ဖြစ်မှု၊ (ဖျတ်ဖျတ်လပ်လပ် သွက်သွက်လက်လက်ရှိမှု) ကိုယ်ဖြင့် သိစေမှု၊ နှုတ်ဖြင့် သိစေမှုတို့သည် ထူးခြားသော အမူအရာများ ဖြစ်ကြသည်၊ ထိုထူးခြားသော အမူအရာကိုပင် "ဝိကာရရုပ်"ဟု...

ဝိသယပ္ပဝတ္တိ ၆ ပါး

၁။ အတိမဟန္တာရုံဝီထိ၊ ၂။ မဟန္တာရုံဝီထိ၊ ၃။ ပရိတ္တာရုံဝီထိ၊ ၄။ အတိပရိတ္တာရုံဝီထိ၊ ၅။ ဝိဘူတာရုံဝီထိ၊ ၆။ အဝိဘူတာရုံဝီထိ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဝေဟပ္ဖိုလ်

ပြန့်ပြောကြီးမားသော အကျိုးရှိသော ဗြဟ္မာများကို ဝေဟပ္ဖိုလ်ဗြဟ္မာဟု ခေါ်သည်။