ဝိက္ခာယိတကအသုဘ

by | Jun 9, 2022 | ဝ | 0 comments

ခွေး-မြေခွေးစသည်တို့ အစားခံထားရသော သူသေကောင်။

ဝိက္ခိတ္တကအသုဘ

ထိုထိုအရပ်သို့ ခေါင်းတခြား ကိုယ်တခြား လက်ခြေတခြားစီ ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်။

ဝေဒနာ

အာရုံ၏ အရသာကို ခံစားခြင်းသဘော။

ဝိမောက္ခ

ကိလေသာတို့မှ လွတ်သော မဂ်တရား, ဖိုလ်တရားကို "ဝိမောက္ခ"ဟု ခေါ်သည်။

ဝိရတီ

မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်ခြင်းသဘော။