လေဝိုင်းငယ်ကို (လေ လေ)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် ဝါယောကသိုဏ်း ကမ္မဋ္ဌာန်း မည်၏။
ဝီထိ
ဝီထိသဒ္ဒါသည် 'အစဉ်အတန်း' ဟူသော အနက်ကိုဟော၏။ ထိုထိုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်, သမ္ပဋိစ္ဆိုင်း-စသော စိတ်တို့၏ ရှေ့နောက်အစဉ်အားဖြင့် ဖြစ်ခြင်းကိုပင် "ဝီထိ"ဟု...