မဟဂ္ဂုတ်စိတ်

by | Jun 9, 2022 | မ | 0 comments

မဟဂ္ဂုတ်စိတ်-ဟူသော သဒ္ဒါသည် မဟာ+ဂတ+စိတ္တ-ဟူသော သဒ္ဒါတို့မှ ဆင်းသက်လာသော သဒ္ဒါ ဖြစ်သည်။ မဟာ= မြင့်မြတ်သည်၏ အဖြစ်သို့၊ ဂတ= ရောက်သော၊စိတ္တ- စိတ်၊ တစ်နည်း- မဟာ= မြင့်မြတ်သူ တို့သည်၊ ဂတ= ရအပ်သော စိတ္တ- စိတ်-ဟု ဆိုလိုသည်။

မုစ္စိတုကမျတာဉာဏ်

ငြီးငွေ့သဖြင့် ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့မှ ထွက်မြောက်လိုသော ဉာဏ်။

မဂ်စိတ်အကျဉ်း ၄ ပါး

၁။သောတာပတ္တိမဂ်စိတ်၊ ၂။သကဒါဂါမိမဂ်စိတ်၊ ၃။အနာဂါမိမဂ်စိတ်၊ ၄။အရဟတ္တမဂ်စိတ်။

မနောဒွါရိက

မနောဒွါရ (စိတ်-ဟူသော တံခါးပေါက်)၌ ဖြစ်သော စိတ်

မစ္ဆရိယ

ကိုယ့်စည်းစိမ်ကို ဝန်တိုခြင်းသဘော၊နှမြော တွန့်တိုခြင်းသဘော။

မဂ်၁

လမ်းကြောင်း၊(သုဂတိလမ်းကြောင်း၊ဒုဂ္ဂတိလမ်းကြောင်း။သုဂတိဘုံဘဝ, ဒုဂ္ဂတိဘုံဘဝသို့ သွားရောက် ခိုလှုံဖို့ရာ လမ်းကြောင်းဖြစ်သော တရားအပေါင်းကို "မဂ်"ဟု...

မုဒိတာ ဘာဝနာ

သုခိတသတ္တဝါ(ချမ်းသာသော ပုဂ္ဂိုလ်)ဆိုသူကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘောသည် "မုဒိတာ" မည်၏။(ထိုမုဒိတာကို အဖန်ဖန်ပွားများခြင်းသည်...