ဘာဝနာ

by | Jun 9, 2022 | | 0 comments

သမထမည်သော သမာဓိတရား၊ ဝိပဿနာမည်သော ပညာတရားသည် ပွားများထိုက်သောကြောင့် ဘာဝနာ မည်၏။ မှန်၏၊ ဘာဝနာသည် လွန်စွာ အကျိုးများလှ၍ မိမိသန္တာန်၌ ဖြစ်ပေါ်လာအောင် တစ်ကြိမ်ဖြစ်ပြီးနောက် အထပ်ထပ်တိုးပွားအောင် အားထုတ်ထိုက်လှပေသည်။

ဘုံ ၃၁

အပါယ် ၄ ဘုံ၊ ကာမသုဂတိ ၇ ဘုံ၊ ရူပါဝစရ ၁၆ ဘုံ၊ အရူပါဝစရ ၄ ဘုံ၊ပေါင်း ၃၁ ဘုံ။(ထိုဘုံများကို ဆိုင်ရာ ခေါင်းစဉ်၌...

ဘဝရာဂါနုသယ ၁

ရူပရာဂ အရူပရာဂသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်း ပါဝင်နေသောကြောင့် ဘဝရာဂါနုသယ...

ဘဝါသဝ ၁

ရူပဈာန်, အရူပဈာန်နှင့် "ထိုဈာန်၏ အကျိုးဝိပါက်"ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် ယစ်မူးစေတတ်သော စိမ်ရည် အရက်နှင့်တူသောကြောင့် "ဘဝါသဝ"...

ဘုံ

သတ္တဝါတို့ ဖြစ်ပေါ်ရာ အရပ်ဌာန။

ဘဝယောဂ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။

ဘဝယောဂ ၁

ရူပဈာန်, အရူပဈာန်နှင့် "ထိုဈာန်၏ အကျိုးဝိပါက်"ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ခိုင်မြဲစွာ စပ်ဟပ်ပေးတတ်သောကြောင့် ဘဝယောဂ...