ဘဝယောဂ ၂

by | Jun 9, 2022 | | 0 comments

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။

ဘဝရာဂါနုသယ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ ရှိသော လောဘစေတသိက်။

ဘဝတဏှာ ၁

အတ္တနှင့် လောကသည် မြဲ၏-ဟူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာသည် "ဘဝတဏှာ" မည်၏။

ဘဝ

ခန္ဓာ-စသော အကျိုးတို့ကို ဖြစ်ပေါ်စေတတ်သော စေတနာသည် ဘဝမည်၏။

ဘာဝရုပ် ၂ ပါး

၁။ ဣတ္ထိဘာဝ၊ ၂။ ပုရိသဘာဝ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဘင်ခဏ

စိတ်စသော ပရမတ္ထတရားတစ်ခုခု၏ တည်နေပြီးနောက် ပျက်စီးချုပ်ပျောက်ရာကာလ။

ဘဝါသဝ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။