ဖဿ ၁

by | Jun 9, 2022 | | 0 comments

စက္ခု-စသော အာယတနခြောက်ပါးကြောင့် စက္ခုဝိညာဉ်-စသည့်ခြောက်ပါး၌ ဖြစ်ပေါ်သော အာရုံကို တွေ့ထိခြင်းသဘော၊ အာရုံကို တွေ့ထိမှု။ ကျမ်းစာတို့၌ စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ -စသည်ဖြင့် ခေါ်ဝေါ်ကြသည်။

ဖရုသဝါစာ

ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်း။

ဖဿာဟာရ ၂

စိတ်တစ်ခုယုတ်ကိုးဆယ်၌ရှိသော ဖဿ စေတသိက်။

ဖဿ ၂

စက္ခုဝိညာဉ် စသော ခြောက်ပါး၌ ယှဉ်သော ဖဿစေတသိက် ၆ ပါး။