ပြိတ္တာဘုံ (ပေတ္တိဝိသယ)

by | Jun 9, 2022 | | 0 comments

ချမ်းသာမှ ဝေးသောအားဖြင့် ဖြစ်တတ်သောကြောင့် ပေတ-ဟု ခေါ်သည်။ ထိုပေတတို့ ဖြစ်ရာဌာနသည် ပေတ္တိဝိသယမည်၏။ ပြိတ္တာတို့၏ နေရာ။တစ်နည်း-ပြိတ္တဘုံ-ဟု ခေါ်သည်။

ပဋိဘာဂနိမိတ်

"ပဋိဘာဂနိမိတ်"ဟူသည် စီးဖြန်းခါစ ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့၏ အာရုံဖြစ်သော မူလအာရုံနှင့်တူသော အာရုံ(ပုံရိပ်)တစ်မျိုးပင် ဖြစ်သည်။ ထိုအာရုံသည် ဥဂ္ဂဟနိမိတ်နှင့် တူသောကြောင့်...

ပရိဒေဝ၁

တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှုကြောင့် တမ်းတ ငိုကြွေးခြင်းသည် "ပရိဒေဝ" မည်၏။

ပိသုဏဝါစာ

ချောပစ်ကုန်းတိုက်ခြင်း၊ တစ်ဦးနှင့် တစ်ဦး အချစ်ပျက်အောင် ကုန်းချောစကား ပြောကြားခြင်း။

ပကိဏ်း ပိုင်း

ပကိဏ်း-ဟူသော ဝေါဟာရသည် ပကိဏ္ဏက-ဟူသော ပါဠိမှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ ထိုပကိဏ္ဏကသည် ရောပြွမ်းခြင်းအနက်ကို ဟောသည်။ သို့ဖြစ်၍ စိတ် စေတသိက် နှစ်ခုကို ရောပြွမ်း၍ ဝေဒနာ, ဟိတ်, ကိစ္စ, ဒွါရ,အာရုံ,ဝတ္တု-တို့ဖြင့် ခွဲခြမ်း စိတ်ဖြာပြသော အပိုင်းကို ပကိဏ်းပိုင်း-ဟု...

ပုရိသဘာဝရုပ်

ယောကျ်ား ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ပုရိသဘာဝရုပ်"ဟု ခေါ်သည်၊