ပဋ္ဌာန်း

by | Jun 9, 2022 | ပ | 0 comments

အကြောင်းအမျိုးမျိုးက အကျိုးအမျိုးမျိုးအား အစွမ်းသတ္တိအမျိုးမျိုးဖြင့် ကျေးဇူးပြုနေကြပုံကို ပြသော တရား။ (ပဋ္ဌာန်း-ဟူသော အမည်သည် ပဋ္ဌာန-ဟူသော ပါဠိမှ ဆင်းသက်လာသော အမည် ဖြစ်သည်။ ပဋ္ဌာန-ဟူသော ပါဠိသည် အကြောင်းအမျိုးမျိုးကို ဖော်ပြသော ကျမ်းကို ဟော၏။ သို့သော် ပဋ္ဌာန်း ကျမ်းတော်ကြီး၌ကား အကြောင်းအမျိုးမျိုးကိုသာမက ထိုအကြောင်းအမျိုးမျိုးက အကျိုးအမျိုးမျိုးအား အစွမ်းသတ္တိအမျိုးမျိုးဖြင့် ကျေးဇူးပြုနေကြပုံကို ဟောပြထားတော်မူသည်။ သို့ဖြစ်၍ ထိုသို့ ဟောပြထားသော ကျမ်းကို ပဋ္ဌာန်းကျမ်း ခေါ်သည်-ဟု မှတ်သားထိုက်၏။)

ပဋိသန္ဓေအခါ

ပဋိသန္ဓေစိတ် စေတသိက်နှင့် ကမ္မဇရုပ်တို့ တစ်ဘဝဝယ် ပဌမဆုံးဖြစ်ရာအခါကာလ။

ပရိဒေဝ၁

တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှုကြောင့် တမ်းတ ငိုကြွေးခြင်းသည် "ပရိဒေဝ" မည်၏။

ပကတူပနိဿယော

အခြားပစ္စည်းနှင့် မရော၊ မိမိသဘောအားဖြင့်ပင် အားကြီးလွန်ကဲသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော...

ပဋ္ဌာန်းနည်း

အကြောင်းတရားအကျိုးတရား၊ပစ္စယသတ္တိ" ၃-မျိုးကို စုံလင်စွာ ပြသောနည်းသည် "ပဋ္ဌာန်းနည်း" မည်၏။