နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်

by | Jun 9, 2022 | | 0 comments

(ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ ဖြစ်သော၊ ထင်ရှားသော သညာမဟုတ်သည့်အတွက် သညာ-ဟုလည်း မဆိုထိုက်သော၊ သိမ်မွေ့သော သညာ ဖြစ်သည့်အတွက် သညာ မဟုတ်ဘူး-ဟုလည်း မဆိုထိုက်သော (သညာ) ရှိသော ကုသိုလ်ဈာန်စိတ်ကို နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်-ဟု ခေါ်သည်။

နီဝရဏ

ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သော တရားတို့ကို "နီဝရဏ"ဟု ခေါ်သည်။

နိမိတ်

အာရမ္မဏိကတရားတို့ဖြင့် သိအပ်သောကြောင့် အာရုံ(ပုံရိပ်)တရားသည် နိမိတ်မည်၏။

နာမရူပပရိစ္ဆေဒဉာဏ်

ကမ္မဋ္ဌာန်းကို ရှုမှတ်နေသော ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘော (လက္ခဏာ)အားဖြင့်ဖြစ်စေ၊ စွမ်းအင်သတ္တိကိစ္စ (ရသ)အားဖြင့်ဖြစ်စေ၊ ရှုမှတ်သူ၏ အသိဉာဏ်ထဲမှာ ပေါ်လွင်ထင်ရှားလာပုံ အမူအရာ (ပစ္စုပဋ္ဌာန်)အားဖြင့်ဖြစ်စေ နာမ်-ရုပ်တို့ကို အမှန်အတိုင်း သိမြင်မှုကို "နာမရူပပရိစ္ဆေဒဉာဏ်"ဟု...

နာမ် ရုပ် ၂

ဝိပါက်ဝိညာဉ်၌ ယှဉ်သော စေတသိက်နှင့် ကမ္မဇရုပ်။

နိပ္ဖန္နရုပ်

"ကံ, စိတ်, ဥတု, အာဟာရ" ဟူသော အကြောင်းတရားတို့က ဖြစ်စေ၍ ဖြစ်ပေါ်လာသော ရုပ်များ။