ဒွါရဝိမုတ်စိတ် ၁၉ ပါး

by | Jun 9, 2022 | | 0 comments

ပဋိသန္ဓေ ဘဝင် စုတိကိစ္စကို ဆောင်ရွက်သော စိတ်(ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်)၁၉ ပါးတို့သည် အာရုံ ဒွါရတို့၏ ထိခိုက်မှုကြောင့် ဖြစ်သော စိတ်မျိုးမဟုတ်သဖြင့် ဒွါရခြောက်ပါးမှ လွတ်သော စိတ်တို့ မည်ကုန်၏။ (ပဋိသန္ဓေကိစ္စကို ဆောင်ရွက်သော စိတ်-စသည်ကိုလည်း ရှု။)

ဒုတိယဈာန်ဘုံ ၃ ဘုံ

၁။ ပရိတ္တာဘာဘုံ၊ ၂။ အပ္ပမာဏာဘာဘုံ၊ ၃။ အာဘဿရာဘုံ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဒဿနကိစ္စ

ကြည့်ရှုခြင်းအလုပ်သည် ဒဿနကိစ္စ မည်၏။

ဒွါရ

ဒွါရသဒ္ဒါသည် "တံခါးပေါက်"ဟူသော အနက်ကို ဟော၏၊ တံခါးပေါက်သည် လူတို့၏ ဝင်လာစရာ ဖြစ်သကဲ့သို့ ထို့အတူ စက္ခုပသာဒ- စသည်တို့သည်လည်း သက်ဆိုင်ရာ ဝီထိစိတ်တို့၏ ဝင်လာစရာ ဖြစ်၏၊ ဤသို့ တံခါးနှင့် တူသောကြောင့် စက္ခုပသာဒ စသည်တို့ကိုလည်း "ဒွါရ" ဟု...

ဒူရေရုပ် ၁၆ ပါး

မဟာဘုတ် ၄၊ ဘာဝရုပ်၊ အာဟာရရုပ်၊ ဇီဝိတရုပ်၊ ဝတ္ထုရုပ်၊ ဝိညတ်ရုပ် ၂၊ ပရိစ္ဆေဒရုပ်၊ လက္ခဏရုပ် ၄၊ ပေါင်း ၁၆ ပါး။(မဟာဘုတ် ၄ ပါး-စသော အရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌...

ဒိဋ္ဌိဝိသုဒ္ဓိ

နာမရူပပရိစ္ဆေဒဉာဏ် (နမ်ရုပ်တို့ကို ပိုင်းခြား၍ အမှန်အတိုင်း သိမြင်သော ဉာဏ်) သည်ပင်လျှင် အတ္တဒိဋ္ဌိအညစ်အကြေးမှ သန့်ရှင်း စင်ကြယ်သောကြောင့် "ဒိဋ္ဌိဝိသုဒ္ဓိ" မည်၏။ (ဒိဋ္ဌိ= အမြင်၊ အယူ၊ ဝိသုဒ္ဓိ= မှားယွင်းသော အမြင်ဟူသော အညစ်အကြေးမရှိ၊...

ဒေါစတုက်

ဒေါသစေတသိက်ဦးစီးသော အကုသိုလ်စေတသိက်လေးပါးအပေါင်း။