ဒေါစတုက်

by | Jun 9, 2022 | | 0 comments

ဒေါသစေတသိက်ဦးစီးသော အကုသိုလ်စေတသိက်လေးပါးအပေါင်း။

ဒိဋ္ဌာသဝ ၂

ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခု၌ရှိသော ဒိဋ္ဌိစေတသိက်။

ဒူရေရုပ် ၁၆ ပါး

မဟာဘုတ် ၄၊ ဘာဝရုပ်၊ အာဟာရရုပ်၊ ဇီဝိတရုပ်၊ ဝတ္ထုရုပ်၊ ဝိညတ်ရုပ် ၂၊ ပရိစ္ဆေဒရုပ်၊ လက္ခဏရုပ် ၄၊ ပေါင်း ၁၆ ပါး။(မဟာဘုတ် ၄ ပါး-စသော အရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌...

ဒေါမနဿိန္ဒြေ ၁

နှလုံးမသာယာခြင်း၊စိတ်ဆင်းရဲခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

ဒွါရရုပ် ၇ ပါး

ပသာဒရုပ် ၅-ပါး၊ ဝိညတ်ရုပ် ၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။

ဒိဗ္ဗသောတအဘိညာဉ်

နတ်တို့၏ သောတပသာဒကဲ့သို့ ဝေးသောအသံ, တိုးသော အသံကိုလည်း ကြားနိုင်သော အဘိညာဉ်။