ကမ္မဘဝနှင့် သင်္ခါရ

by | Jun 9, 2022 | က | 0 comments

ကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် “သင်္ခါရ” မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် “ကမ္မဘဝ” မည်၏။

ကာယပါဂုညတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှုမှာ ပြွမ်းတီး လေ့လာခြင်း သဘော။(ပြွမ်းတီးဟူသည် အထစ်အငေါ့ မရှိခြင်း၊ ရင်းနှီးကျွမ်းဝင်ခြင်းဟု အဓိပ္ပါယ်ရသည်။(လက်ပွန်းတတီး)။ အဝါးဝစွာ လေ့လာထားသော ကြောင့် ပြွမ်းတီးခြင်း...

ကာမုပါဒါန် ၁

ငါးပါးအာရုံ ကာမဂုဏ်၌ စွဲလမ်းတတ်သော တရားသည် "ကာမုပါဒါန်"မည်၏။

ကုသိုလ်စိတ်

အပြစ်ကင်းသော စိတ်။တစ်နည်း- ကောင်းသော အကျိုးကို ပေးသော စိတ်။

ကာယဝိညာဏဝီထိ

ကာယဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ကာယဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ကာယဒွါရဝီထိစိတ်တို့ပင်...