ဇနက ကံ

by | Jun 9, 2022 | | 0 comments

‘ဝိပါက်စိတ်, စေတသိက်’-ဟူသော နာမ်ခန္ဓာနှင့် ကံ-အကြောင်းခံ၍ ဖြစ်လာရသော ရုပ်ခန္ဓာတို့ကို “အကျိုးတရား”ဟု ခေါ်သည်၊ ယင်းအကျိုးတရားတို့ကို ပဋိသန္ဓေအခါမှာ ဖြစ်စေ၊ ပဝတ္တိအခါမှာ ဖြစ်စေ, အခွင့်သာရာအခါ၌ မိမိကိုယ်တိုင် ဖြစ်စေနိုင်သော ကံသည် “ဇနက ကံ” မည်၏။

ဇိဝှါဒွါရိကစိတ် ၄၆ ပါး

အကုသိုလ်စိတ် ၁၂ ပါး၊ ဇိဝှါဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဇရာမရဏ ၁

အိုခြင်းသည် "ဇရာ" မည်၏၊ သေခြင်းသည် "မရဏ" မည်၏။

ဇိဝှါဝိညာဏ် ဒွေး ၂

၁။အကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်၊ ၂။အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်။

ဇာတိ ၁

ပဋိသန္ဓေနေရခြင်းသည် ဇာတိမည်၏။ ဇာတိဟူသည် ဖြစ်ခြင်းဟု အဓိပ္ပါယ်ရသည်။ ထိုထိုဘဝ၌ ခန္ဓာကိုယ်အတ္တဘော ရရှိခြင်းကိုပင် ဇာတိ-ဟု...