ဥပစာရဘာဝနာ၊အပ္ပနာဘာဝနာသို့ ရောက်သော စိတ်အစဉ်သည် နီဝရဏ၊ ကိလေသာအနောက်အကျုတို့မှ ကင်းဝေး၏၊ သန့်ရှင်းစင်ကြယ်၏၊ ထို့ကြောင့် ထိုစိတ်အစဉ်ကို “စိတ္တဝိသုဒ္ဓိ”ဟု ခေါ်သည်။
စက္ခုဝိညာဏဝီထိ
စက္ခုဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ စက္ခုဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် စက္ခုဒွါရဝီထိစိတ်တို့ပင်...