စိတ္တဇကလာပ် ၆ စည်း

by | Jun 9, 2022 | | 0 comments

၁။သုဒ္ဓဋ္ဌကကလာပ်၊၂။ကာယဝိညတ္တိနဝကကလာပ်၊ ၃။ဝစီဝိညတ္တိဒသကကလာပ်၊ ၄။လဟုတာဒေကာဒသကကလာပ်၊၅။ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်၊ ၆။ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသကကလာပ်။ (စိတ်ကြောင့်ဖြစ်သော ရုပ် ၁၅ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ ထိုသုဒ္ဓဋ္ဌကကလာပ်ကို ကာယဝိညတ်နှင့် ပေါင်းစည်းသော် ကာယဝိညတ္တိနဝကကလာပ်ဟု ခေါ်သည်၊ ဝစီဝိညတ်နှင့် သဒ္ဒရုပ်ပေါင်းစည်းသော် ဝစီဝိညတ္တိဒသကကလာပ်ဟု ခေါ်သည်၊ လဟုတာဒိ ၃ ပါးနှင့်ပေါင်းစည်းသော် လဟုတာဒေကာဒသကကလာပ်ဟု ခေါ်သည်၊ ကာယဝိညတ်နှင့် လဟုတာဒေကာဒသကကလာပ်ကို ပေါင်းစည်း၍ ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်ဟု ခေါ်သည်၊ ဝစီဝိညတ်၊ သဒ္ဒရုပ်နှင့် လဟုတာဒေကာဒသကကလာပ်ကို ပေါင်းစည်း၍ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသကကလာပ်ဟု ခေါ်သည်။ စုစုပေါင်းသော် ကလာပ်စည်း ၆ ခု ရှိသည်။)

စက္ခုဝိညာဏဝီထိ

စက္ခုဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ စက္ခုဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် စက္ခုဒွါရဝီထိစိတ်တို့ပင်...

စိတ္တိဒ္ဓိပါဒ် ၁

ဈာန်, မဂ်, ဖိုလ်တည်းဟူသော အကျိုးတို့၏ အခြေခံအကြောင်းတရား ကုသိုလ်စိတ်သည် စိတ္တိဒ္ဓိပါဒ် မည်၏။

စိတ္တုပ္ပါဒ်

စိတ်နှင့် စေတသိက်။ပါဠိ-စိတ္တုပ္ပါဒ၊စိတ္တ+ဥပ္ပါဒ=စိတ်+(ထိုစိတ်ကို)ဖြစ်စေတတ်သော (စေတသိက်)