ကပ်

by | Jun 9, 2022 | က | 0 comments

သတ်မှတ်ထားသော ကာလတစ်ခုကို ကပ်-ဟု ခေါ်သည်။ အသက်တမ်းအားဖြင့် ပိုင်းခြားသတ်မှတ်ထားသော ကာလကို အာယုကပ်-ဟု ခေါ်သည်။ အသက်အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းဟူသော ဆုတ်ကပ် တက်ကပ်တစ်စုံသည် အန္တရကပ်တစ်ခု၊ ထိုအန္တရကပ် ၆၄ ခုသည် အသင်္ချေယျကပ်တစ်ခု၊ အသင်္ချေယျကပ် လေးခုသည် မဟာကပ်တစ်ခု ဖြစ်သည်။ အသင်္ချေယျကပ်လေးခုကို ဝိဝဋ္ဋ၊ ဝိဝဋ္ဋဋ္ဌာယီ၊ သံဝဋ္ဋ၊ သံဝဋ္ဋဋ္ဌာယီ-ဟု အမည်လေးမျိုး သတ်မှတ်ထားသည်။

ကာမယောဂ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကာမောဃ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကြိယာစိတ် ၂၀

အဟိတ်ကြိယာစိတ် ၃ ပါး၊မဟာကြိယာစိတ် ဂ ပါး၊ရပါဝစရကြိယာစိတ် ၅ ပါး၊အရူပါဝစရကြိယာစိတ် ၄ ပါး၊ပေါင်း ၂၀။

ကမ္မဝဋ် ၁

ပဋိစ္စသမုပ္ပါဒ်၏ အင်္ဂါ ၁၂ ပါးတို့တွင် ကံ ဟုဆိုအပ်သော ကုသိုလ်အကုသိုလ်စေတနာလည်းဖြစ်၊ သံသရာ၌ ချာချာလည်စေတတ်သော ဝဋ်လည်းဖြစ်သော တရားကို ကမ္မဝဋ်ဟု...

ကရုဏာ

ဒုက္ခရောက်နေသော သူကို အာရုံပြု၍ သနားခြင်းသဘော။