ကပ်

by | Jun 9, 2022 | က | 0 comments

သတ်မှတ်ထားသော ကာလတစ်ခုကို ကပ်-ဟု ခေါ်သည်။ အသက်တမ်းအားဖြင့် ပိုင်းခြားသတ်မှတ်ထားသော ကာလကို အာယုကပ်-ဟု ခေါ်သည်။ အသက်အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းဟူသော ဆုတ်ကပ် တက်ကပ်တစ်စုံသည် အန္တရကပ်တစ်ခု၊ ထိုအန္တရကပ် ၆၄ ခုသည် အသင်္ချေယျကပ်တစ်ခု၊ အသင်္ချေယျကပ် လေးခုသည် မဟာကပ်တစ်ခု ဖြစ်သည်။ အသင်္ချေယျကပ်လေးခုကို ဝိဝဋ္ဋ၊ ဝိဝဋ္ဋဋ္ဌာယီ၊ သံဝဋ္ဋ၊ သံဝဋ္ဋဋ္ဌာယီ-ဟု အမည်လေးမျိုး သတ်မှတ်ထားသည်။

ကမ္မနိမိတ် ၂ ပါး

၁။ ဥပလဒ္ဓပုဗ္ဗကမ္မနိမိတ်၊ ၂။ ဥပကရဏဘူတ ကမ္မနိမိတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကြိယာစိတ် ၂၀

အဟိတ်ကြိယာစိတ် ၃ ပါး၊မဟာကြိယာစိတ် ဂ ပါး၊ရပါဝစရကြိယာစိတ် ၅ ပါး၊အရူပါဝစရကြိယာစိတ် ၄ ပါး၊ပေါင်း ၂၀။

ကာမာသဝ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကဋတ္တာရုပ်၁

ကမ္မဇရုပ်ကိုပင် ပဋိသန္ဓေအခါ၌ ကဋတ္တာရုပ်-ဟု ခေါ်သည်။