ဥပလဘိတဗ္ဗဂတိနိမိတ်

by | Jun 9, 2022 | | 0 comments

တိုက်ရိုက် ရောက်ထိုက်သော အရပ်ကို “ဥပလဘိတဗ္ဗ”ဟု ခေါ်သည်၊ လူ့ဘုံသွားမည့်သူဖြစ်လျှင် အမိဝမ်းရေ, ငရဲပြည်သွားမည့်သူဖြစ်လျှင် ငရဲဘုံ, ပြိတ္တာဖြစ်မည့်သူဖြစ်လျှင် တော တောင်စသည်, နတ်ပြည် သွားမည့်သူဖြစ်လျှင် နတ်ဗိမာန်- စသည်တို့တည်း။

ဥပါဒါန်

စွဲစွဲလမ်းလမ်း ခိုင်မြဲစွာ အာရုံပြုတတ် ယူထားတတ်သော တရား။ (မြွေက ဖားကို ဖမ်းထားသကဲ့သို့ မစွန့်နိုင် မလွှတ်ရက်ဘဲ စွဲစွဲလမ်းလမ်း ခိုင်မြဲစွာ အာရုံပြုတတ် ယူထားတတ်သော တရားကို "ဥပါဒါန=ဥပါဒါန်"ဟု...

ဥတုဇရုပ်

ဥတုကြောင့်ဖြစ်သော ရုပ်။ (ဥတု-ဟူသည် "အအေးငွေ့, အပူငွေ့"ဟူသော တေဇောဓာတ်ပင် ဖြစ်သည်၊ ဥတုနှင့် တေဇော ဓာတ်မှာ အခေါ်သာ ကွဲသည်၊ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်သည်၊ ယင်းတေဇောဓာတ်သည် ဥပါဒ်ပြီးနောက် မိမိ၏ ဌီသို့ ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ...

ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း

ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်ကို "ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်၊ ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်’’ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း...

ဥပဘောဂဂတိနိမိတ်

ထိုထိုဘုံဘဝ၌ တွေ့ကြုံရမည့် အတွင်း, အပ အသုံးအဆောင် အခြံအရံများကို "ဥပဘောဂ"ဟု ခေါ်သည်၊ ခွေး, ကျီး, ငရဲမီးလျှံ, နတ်သီ္မး, နတ်သား, ပဒေသာပင် -...

ဥပပတ္တိဘဝ ၂

ကံကြောင့်ဖြစ်သော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များ။