ဥပစာရသမာဓိဇော မုချ မည်သော တရား

by | Jun 9, 2022 | ဥ | 0 comments

ဈာန် မဂ်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကုသိုလ်ဇော, ဈာန်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကြိယာဇောတို့သည် ဉာဏ်နှင့်ယှဉ်သော စိတ်များသာ ဖြစ်ထိုက်သည်၊ ထို့ကြောင့် မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၈-ပါးတို့တွင် တစ်ပါးပါးကသာ ပရိကံ ဥပစာ အနုလုံ ဂေါတြဘူဟု လေးကြိမ်သော်လည်းကောင်း၊ ဥပစာ အနုလုံ ဂေါတြဘူဟု သုံးကြိမ်သော်လည်းကောင်း စောရသည် (ဖြစ်ရသည်)၊ ဤပရိကံစသော ဇောများကိုပင် “ဥပစာရသမာဓိဇောများ”ဟု ခေါ်ကြသည်။

ဥပစာ ၁

ဥပစာ-ဟူသည် ဈာန်၏အနီး၌ဖြစ်သော စိတ် ဖြစ်သည်၊ အပ္ပနာဟူသော ဈာန်၏ အနီး၌ ဖြစ်တတ်သော စိတ်သည် ဥပစာမည်၏။

ဥပကရဏဘူတကမ္မနိမိတ်

ကံပြီးမြောက်ဖို့ရာ အခြံအရံမျှသာဖြစ်သော အပဓာနအာရုံသည် "ဥပကရဏဘူတကမ္မနိမိတ်" မည်၏။

ဥဘယက္ခယမရဏ

အသက်တမ်း, ကံစွမ်း ၂-ပါးစုံ ကုန်မှုကြောင့် စုတေခြင်း။

ဥပဃာတက ကံ

ကပ်၍ နှိပ်စက်ရုံမျှမက တစ်ပါးသော ကံကို လုံးဝ အကျိုးမပေးနိုင်အောင်, ပေးပြီးသော အကျိုးများကိုလည်း ပြတ်စဲသွားအောင် သတ်ဖြတ်သကဲ့သို့ ဖြတ်တောက်တတ်သော ကံသည် "ဥပဃာတက ကံ"...

ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း

ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်ကို "ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်၊ ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်’’ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း...

ဥပပဇ္ဇဝေဒနီယ ကံ

နောက်ဒုတိယဘဝရောက်မှ အကျိုးပေးမည်ဖြစ်သော ကံသည် "ဥပပဇ္ဇဝေဒနီယ ကံ" မည်၏။ထိုကံသည် သတ္တမဇောစေတနာ...