ဥပစာ-ဟူသည် ဈာန်၏အနီး၌ဖြစ်သော စိတ် ဖြစ်သည်၊ အပ္ပနာဟူသော ဈာန်၏ အနီး၌ ဖြစ်တတ်သော စိတ်သည် ဥပစာမည်၏။
ဥပစယ
ပဋိသန္ဓေတည်နေစ၌ ပထမဖြစ်ခြင်း၊ ထို့နောက် တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း (ဥပ-အစ၌၊ဝါ- အထက်၌+စယ- ဖြစ်ခြင်း)သည် ဥပစယ...