ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်ကို “ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်၊ ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်’’ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း မည်၏။
ဥပါဒါန်
စွဲစွဲလမ်းလမ်း ခိုင်မြဲစွာ အာရုံပြုတတ် ယူထားတတ်သော တရား။ (မြွေက ဖားကို ဖမ်းထားသကဲ့သို့ မစွန့်နိုင် မလွှတ်ရက်ဘဲ စွဲစွဲလမ်းလမ်း ခိုင်မြဲစွာ အာရုံပြုတတ် ယူထားတတ်သော တရားကို "ဥပါဒါန=ဥပါဒါန်"ဟု...
